ကမ္ဘာ့ပထမဆုံး စမတ်ပုံစံ မောင်းသူမဲ့ သိပ္ပံပညာစူးစမ်းလေ့လာရေး သင်္ဘော "Zhuhai Yun" ကို တရားဝင် အသုံးပြု

(GMT+08:00)2023-01-13 16:53:31  

ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကမ္ဘာ့ပထမဆုံး စမတ်ပုံစံ မောင်းသူမဲ့ သိပ္ပံပညာစူးစမ်းလေ့လာရေး သင်္ဘော "Zhuhai Yun " သည် ပင်လယ်ရေကြောင်း စမ်းသပ်မှုဆိုင်ရာ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ပင်မဆိပ်ကမ်း Zhuhai Gaolan သို့ ရောက်ရှိကာ၊ တရားဝင်အသုံးပြု နေပြီဖြစ်သည်။ ယင်း စမတ်ပုံစံ မောင်းသူမဲ့ သိပ္ပံပညာစူးစမ်းလေ့လာရေး သင်္ဘောက အရှည် ၈၈.၅ မီတာ၊ အကျယ် ၁၄ မီတာ၊ အနက် ၆.၁ မီတာရှိပြီး၊ သင်္ဘောအလေးတန်ချိန် ၂၁၀၀ ခန့်ရှိသည်ဟု သတင်းအရသိရသည်။