တရုတ်နိုင်ငံသည် Asia-Pacific 6e ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-01-13 16:54:44  

   ဘေကျင်းစံတော်ချိန် ဇန်နဝါရီလ ၁၃ ရက်နေ့ ၂ နာရီ ၁၀ မိနစ်တွင် တရုတ်နိုင်ငံသည် ရှီးချမ်း ဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ Long March 2C သယ်ဆောင်ဒုံးပျံဖြင့် Asia-Pacific 6e  ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုသည် သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ပြီ ဖြစ်ကြောင်း၊ ယင်းဂြိုဟ်တုသည် အဓိကအားဖြင့် အရှေ့တောင်အာရှဒေသအတွက် High throughput ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးမည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။