မြန်မာနိုင်ငံ အမိုးနီးယားပိုက်လိုင်း စိမ့်ထွက်မှု ဖြစ်ပွား

(GMT+08:00)2023-01-13 16:55:13  

   မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ရေခဲစက်ရုံတစ်ရုံ၌ အမိုးနီးယား စိမ့်ထွက်မှု ဖြစ်ပွားခဲ့ရာ လူ ၅၀ ခန့် အမိုးနီးယားဓါတ်ငွေ့ ရှုရှိုက်မိသဖြင့် အသက်ရှုကျပ်၍ ဆေးရုံသို့ ပို့ခဲ့ရကြောင်း၊ ၁၂ ရက်နေ့ည ၁၀ နာရီခွဲအချိန်တွင် ကယ်ဆယ်ရေးသမားများသည် စိမ့်ထွက်မှု ဖြစ်ပွားသည့် ပိုက်လိုင်းကို ပိတ်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးကြောင်း သတင်းရရှိပါသည်။