နယူးဒေလီမြို့သည် ၂၀၂၂ခုနှစ်တွင် အိန္ဒိယ လေထုညစ်ညမ်းမှု အပြင်းထန်ဆုံးသောမြို့ဖြစ်လာ ----------------

(GMT+08:00)2023-01-13 01:43:24  

အိန္ဒိယအမျိုးသား သန့်ရှင်းသောလေထုစီမံကိန်း စောင့်ကြည့် လေ့လာချက်အရ နယူးဒေလီမြို့တော်သည် ၂၀၂၂ခုနှစ်တွင် အိန္ဒိယ လေထုညစ်ညမ်းမှု အပြင်းထန်ဆုံးသောမြို့ဖြစ်လာပြီး PM2.5 တစ်နှစ်လုံး ပျမ်းမျှ ညစ်ညမ်းမှုနှုန်းသည် လုံခြုံရေးကန့်သတ်ချက်ထက် နှစ်ဆကျော်ရှိသည်ဟု အိန္ဒိယ ဗဟိုလေထုညစ်ညမ်းမှုထိန်းချုပ်ရေးကော်မတီမှ ၁၀ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရပါသည်။

ဆိုးရွားသောလေထုညစ်ညမ်းမှုသည် ဆောင်းရာသီတစ်လျှောက်လုံးတွင် ဆက်တိုက် ဖြစ်ပေါ်လျှက် ရှိကြောင်း၊ နယူးဒေလီစသောမြို့များတွင် လေထုညစ်ညမ်းမှုကြောင့် မြို့သူမြို့သားအများအပြားသည် ပန်းနာရင်ကျပ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေပြီး သေဆုံးမှုများလည်း နှစ်တိုင်းဖြစ်နေကြောင်း အိန္ဒိယမီဒီယာများက ရေးသားထားပါသည်။