ကမ္ဘာ့နာမည်ကျော် အစ္စလမ်ဘာသာဝင်နှင့် ပညာရှင်ကိုယ်စားလှယ်များ တရုတ် ရှင်းကျန်းသို့ လာရောက်လည်ပတ်

(GMT+08:00)2023-01-13 16:47:15  

ဇန်နဝါရီလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ အာရပ်စော်ဘွားများနိုင်ငံ၊ ဆော်ဒီ အာရေဗျနိုင်ငံနှင့် အီဂျစ်နိုင်ငံအပါအဝင် နိုင်ငံ၁၄နိုင်ငံမှ ကမ္ဘာ့နာမည်ကျော် အစ္စလမ် ဘာသာဝင်နှင့် ပညာရှင်ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ ရှင်းကျန်းသို့ လာရောက်လည်ပတ်ပြီး ရှင်းကျန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အစွန်းရောက်မှု ပပျောက်ရေး၊ လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်ခြင်း၊ အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်တို့တွင် ရရှိခဲ့သည့် အောင်မြင်မှုများကို ထိတွေ့ခံစားခဲ့ကြပါသည်။ ရှင်းကျန်းအကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းများအနေနဲ့ ပိုမို သိရှိနည်းလည်စေရန်အတွက် ကိုယ်စားလှယ်များက အနာဂတ်တွင် ရှင်းကျန်းခရီးစဉ်ရဲ့အတွေ့အကြုံများကို  မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။