အာဖဂန်နစ္စတန်ယာယီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သောကြောင့် လူ(၄၀)ကျော် ဒဏ်ရာရရှိ

(GMT+08:00)2023-01-13 01:43:49  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၁ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော် မြို့လယ်ခေါင်ရှိ အာဖဂန်ယာယီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။

ကဘူးလ် ရဲပြောရေးဆိုခွင့်ရှိသူ ဟာလစ်ဒ် ဇာဒ်ရန် က ဒေသစံတော်ချိန် ၁၁ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား(၅)ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဒဏ်ရာရသူ (၄၀)ကျော်ရှိကြောင်း အရေးပေါ်ဆေးရုံမှ ထုတ်ပြန်သော သတင်းအရ သိရပါတယ်။