ဘိုင်ဒန်၏ရှေ့နေသည် ပိုမိုများပြားသောလျှို့ဝှက်စာရွက်စာတမ်းများကို တွေ့ရှိခဲ့သည်ဟု အမေရိကန်မီဒီယာ ဖော်ပြ

(GMT+08:00)2023-01-13 17:01:02  

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ဝါရှင်တန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သည့် ပင်စီဗါနီးယား ဘိုင်ဒန် သံတမန်ရေးနှင့် တစ်ကမ္ဘာလုံးထိတွေ့ဆက်ဆံရေးစင်တာရှိ ဘိုင်ဒန်၏ယခင်ကရုံးခန်းတွင် လျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိပြီး တရားရေးဌာနမှ စိစစ်ခံရပြီးနောက် ဘိုင်ဒန် ၏ ဥပဒေရေးရာအဖွဲ့သည် အခြားတစ်နေရာတွင် လျှို့ဝှက် စာရွက်စာတမ်းများကို ထပ်မံတွေ့ရှိခဲ့သည်ဟု အေပီသတင်းဌာနက ဖေါ်ပြပါသည်။ အိမ်ဖြူတော်နှင့် တရားရေးဌာနတို့သည် အဆိုပါဖေါ်ပြချက်နှင့်ပတ်သက်၍  တုံ့ပြန်ရန် ငြင်းပယ်ခဲ့ပါသည်။ အောက်လွှတ်တော်တွင် အမတ်နေရာအများစုကို ပြန်လည်ရရှိခဲ့သော ရီပတ်ဘလီကန်များက ၁၀ ရက်နေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး ၄င်းကိစ္စကို ထရန့်က Mar-a-Lago တွင် လျှို့ဝှက် စာရွက်စာတမ်း သိမ်းဆည်းထားမှုနှင့်နှိုင်းယှဉ်ခဲ့သည်။