Donetskလက်နက်ကိုင်အဖွဲ့က ရုရှားသည် မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားသည်ဟု ဆို၊ ယူကရိန်းက ကာကွယ်ရေးလိုင်းကို ကိုင်ထားသည်ဟု ဆို

(GMT+08:00)2023-01-13 16:50:26  

လက်ရှိအချိန်တွင် စစ်ဆင်ရေးအရေးပါနေရာဖြစ်သည့် Bakhmut အနီးရှိ Soledarမြို့ကိုရယူရန်အတွက် ရုရှားနှင့်ယူကရိန်းနှစ်ဖက်အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါသည်။ ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၂ရက်နေ့က Donetskဒေသခံ လက်နက်ကိုင်အဖွဲ့က ရုရှားစစ်တပ်သည် Soledarမြို့ အနောက်ပိုင်းဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် ယူကရိန်းက Soledarတိုက်ပွဲ ပြင်းထန်ပြီး ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ကာကွယ်ရေးလိုင်းကို ထိုးမဖေါက်နိုင်သေးကြောင်း ပြောကြားခဲ့ပါသည်။