အမေရိကန် အလာဘားမားပြည်နယ်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီး လူ၁၀ဦး ဒဏ်ရာရ

(GMT+08:00)2023-01-13 16:49:01  

ဒေသစံတော်ချိန် ၁၂ ရက်နေ့က အမေရိကန် (CNBC) ၏ သတင်းအရ  အမေရိကန် အလာဘားမားပြည်နယ် Selmaမြို့ မြို့တော်ဝန်ရုံးသည် ထိုနေ့ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး မြို့တွင်း ဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံအများအပြား ပျက်စီးခဲ့ပြီး လူ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အရေးပေါ် ဝန်ထမ်းများက အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။