အီရန်၌ ယာဉ်တိုက်မှုဖြစ်ပွား၊လူ(၅)ဦးသေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိ

(GMT+08:00)2023-01-13 16:50:59  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၂ရက်နေ့က အီရန်နိုင်ငံ အလယ်ပိုင်း ဗဟိုပြည်နယ် Tafreshမြို့၌ ယာဉ်တိုက်မှုကြီး ဖြစ်ပွားခဲ့ပါသည်။ ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့သောကြောင့် လူအနည်းဆုံး (၅)ဦး သေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့သည် ကားတိုက်မှုဖြစ်ပွားရာနေရာသို့ သွားရောက်ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာရရှိသူများအား အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။