ပြင်သစ်သည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ အငြိမ်းစားယူမည့်အသက် ကို ၆၄ နှစ်သို့် ရွှေ့ဆိုင်းရန် စီစဉ်

(GMT+08:00)2023-01-13 01:44:16  

ပြင်သစ်အစိုးရသည် ပင်စင်အသုံးစရိတ်ကို လျှော့နည်းစေရန် ၂၀၃၀ပြည့်နှစ်စပြီး အငြိမ်းစားယူမည့် အသက်ကို လက်ရှိအငြိမ်းစားယူသည့်အသက်ထက် ၂ နှစ်တိုးပြီး ၆၄ နှစ်သို့ ရွှေ့ဆိုင်းရန် စီစဉ်ထားပါသည်။

ဇန်နဝါရီလ ၁၀ရက်နေ့တွင် ပြင်သစ်ဝန်ကြီးချုပ် အဲလိဇဘက် ဘော်လ်နေက အထက်ပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ယခုနှစ် စက်တင်ဘာလမှစပြီး နှစ်စဉ် အငြိမ်းစားယူမည့်အသက်ကို ၃လ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ကျန်းမာရေးပြဿနာရှိသူများ သို့မဟုတ် အလုပ်စောစောလုပ်သူများမပါဘဲနှင့် ကျန်သည့်သူများသည် အသက် ၆၄နှစ်အထိ အလုပ်လုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနမှ ထုတ်ပြန်သည့်သတင်းအရ သိရပါသည်။