အမေရိကန်အစိုးရသည် အမည်မသိ မူမမှန် ဖြစ်ရပ် ၅၀၀ ကျော်ကို စုံစမ်းစစ်ဆေးနေ

(GMT+08:00)2023-01-13 16:49:39  

ဒေသစံတော်ချိန် ယခုလ ၁၂ရက်နေ့က အမေရိကန် DNI ရုံးမှ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဇွန်လက ပထမဆုံး အမည်မသိ မူမမှန် ဖြစ်ရပ်(UAP) အစီရင်ခံစာ ပေါ်ထွက်ခဲ့သည့်နောက်ပိုင်း အမေရိကန်တွင် ယင်းကဲ့သို့ ဖြစ်ရပ်ပေါင်း ၅၁၀ တိုင်ကြားခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

အစီရင်ခံစာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အမည်မသိ မူမမှန် ဖြစ်ရပ် ဆိုင်ရာ အစီရင်ခံစာ ၃၆၆ ခုကို စစ်ဆေးလေ့လာခဲ့ပြီး ယင်းအနက် တစ်ဝက်သည် မူမမှန်ဖွယ်ရာကို မတွေ့ရှိဟု အတည်ပြုခဲ့ကြောင်း၊ အမည်မသိ မူမမှန် ဖြစ်ရပ်များသည် ဂြိုဟ်သားများနှင့် ပတ်သက်သည်ဟု အထောက်အထား မတွေ့ရှိသေးကြောင်း ဖေါ်ပြထားသည်။