ယူကရိန်းဥပဒေပြုပြီး နိုင်ငံခြားသားများ ယူကရိန်းစစ်တပ်တွင် ပါဝင်ခွင့်ပြု

(GMT+08:00)2023-01-13 16:54:07  

      ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့က ယူကရိန်းနိုင်ငံ ပါလီမန်လွှတ်တော်သည် ဥပဒေ ၁ ရပ်ကို အတည်ပြုပြီး၊ နိုင်ငံခြားသားများအား ယူကရိန်းလက်နက်ကိုင် အင်အားနှင့် အမျိုးသားအစောင့်တပ်များတွင် ပါဝင်ရန် ခွင့်ပြုလိုက်သည်၊ ၄င်းထဲတွင် ရုရှားနိုင်ငံမှ တရားမဝင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော Azov တပ်ရင်း ပါဝင်သည်ဟု သတင်းအရသိရသည်။