၂၀၂၃ခုနှစ်တွင် ကန်၌ အတိုင်းအတာကြီးမားသော သေနတ်ပစ်ခတ်မှု ၂၂မှု ထက်မနည်း ဖြစ်ပွားခဲ့

(GMT+08:00)2023-01-13 16:47:55  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၁ရက်နေ့ညနေပိုင်းက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ၃ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ထိုနေ့ညက အသက်၁၆နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် အမေရိကန် နိုင်ငံ Pennsylvania ပြည်နယ် Philadelphia မြို့ လမ်းဘေးတွင် သေနတ်ပစ်ခတ်မှု ခံခဲ့ရခြင်းကြောင့် သေဆုံးခဲ့ပါသည်။ ယခုအထိ ဒေသန္တရ ရဲတို့သည် ၄င်းသေနတ် ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေပါသည်။

Gun Violence Archive မှ ထုတ်ပြန်သော စာရင်းအရ ၂၀၂၃ခုနှစ် ပထမ နှစ်ပတ်အတွင်း အမေရိကန်နိုင်ငံ၌ အတိုင်းအတာကြီးမားသော သေနတ် ပစ်ခတ်မှု ၂၂မှု ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။