လော့စ်အိန်ဂျလိစ်တွင် အိုးမဲ့အိမ်မဲ့ဖြစ်မှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးပေါ် အခြေအနေ ကြေညာ

(GMT+08:00)2023-01-13 01:42:01  

ဇန်န၀ါရီလ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ Sixth Street လမ်းမပေါ်တွင် အိုးမဲ့အိမ်မဲ့အမျိုးသမီးတစ်ဦးက မိုးတွေခံပြီး လမ်းလျှောက်ခဲ့သည်။ ဤနေရာသည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် အိုးမဲ့အိမ်မဲ့များ အများဆုံးသောနေရာတစ်ခုဖြစ်သည်။

လော့စ်အိန်ဂျလိစ်Countyကောင်စီသည် တဖြည်းဖြည်းပြင်းထန်လာသော အိုးမဲ့အိမ်မဲ့ဖြစ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၁၀ ရက်နေ့တွင် အရေးပေါ်အခြေအနေဝင်ရောက်ခြင်းကိုကြေညာခဲ့ကြောင်း၊ လော့စ်အိန်ဂျလိစ်Countyကောင်စီက ထိုနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ လူဦးရေ ၁၀ သန်းကျော်ရှိသည့် လော့စ်အိန်ဂျလိစ်Countyတွင် အိုးမဲ့အိမ်မဲ့သူ ၆.၉၁သောင်းကျော် ရှိကြောင်းသိရပါသည်။