အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံများကို တကယ် အရေးစိုက်ရင် မယ်ရှယ်ကျွန်းစု နိုင်ငံအား အရင် တောင်းပန် လျော်ကြေးပေးပါ

(GMT+08:00)2023-01-13 10:33:51  

  မကြာခင်က လက်နက်ထိန်းချုပ်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်း ၁၀၀ ကျော်တို့က အမေရိကန်အစိုးရအား စာပေးပို့ခဲ့တယ်။ စာထဲမှာ အမေရိကန်က ကတိပြုချက်ကို အကောင်အထည်ဖေါ်ဆောင်ပေးပြီး ၁၉၄၀နဲ့ ၁၉၅၀ ပြည့်နှစ်ကြားမှာ မယ်ရှယ်ကျွန်းစု၌ အတိုင်းအတာ ကြီးမားတဲ့ နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး တရားဝင် တောင်းပန်ဖို့နဲ့ တရားနည်းလမ်းကျတဲ့ လျော်ကြေးများပေးဖို့ လှုံ့ဆော် တိုက်တွန်းခဲ့ကြပါတယ်။

   အမေရိကန် Los Angeles Timesမှ ၂၀၁၉ ခုနှစ်က သတင်းထုတ်ပြန်ချက်အရ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ အမေရိကန်ဟာ မယ်ရှယ်ကျွန်းစုမှာ နျူကလီးယား စမ်းသပ်မှု ၆၇ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး ဒေသခံ ဂေဟစနစ် ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေခဲ့တယ်။ တစ်ချိန်တည်းမှာ အမေရိကန်က အမေရိကန် ပြည်တွင်း နေဗာဒါပြည်နယ်ရှိ နျူကလီးယား စမ်းသပ်ရေးစခန်းက နျူကလီးယား ညစ်ညမ်းမှု ခံထားရတဲ့ မြေဆီလွှာ တန်ချိန် ၁၃၀ ကျော်ကိုလည်း မယ်ရှယ်ကျွန်းစုသို့ သယ်ဆောင်ပြီး မယ်ရှယ်ကျွန်းစုပေါ်မှာ သွန်ပစ်ခဲ့တယ်။

နိုင်ငံတကာ မိသားစုကြီးမှ လာတဲ့ ဖိအားကြောင့် ၁၉၈၆ ခုနှစ်မှာ အမေရိကန်ရဲ့ နျူကလီးယား စမ်းသပ်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်စေခဲ့တဲ့ မာရှယ်ကျွန်းစု ဒေသခံပြည်သူများကို လျော်ကြေးပေးဖို့ သဘောတူခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ နိုင်ငံတကာ ခုံသမာဓိရုံးတစ်ခုက အမေရိကန်အား မာရှယ်ကျွန်းစုနိုင်ငံကို ဒေါ်လာ သန်း ၂၃၀၀ လျော်ပေးဖို့ စီရင်ဆုံးဖြတ်ခဲ့တယ်။ Los Angeles Timesမှ ထုတ်ပြန်တဲ့ သက်သေပြုဖိုင်များအရ အမေရိကန်က ဒေါ်လာ ၄ သန်းပဲ လျော်ပေးခဲ့တယ်။

လွန်ခဲ့တဲ့နှစ်အတွင်း အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံများမှာ သံတမန်ရေး လှုပ်ရှားမှုကို အမြောက်အမြား ပြုလုပ်ပြီး ပစိဖိတ်ကျွန်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီပေးလိုတယ်လို့လည်း အကြိမ်ကြိမ် ပြောခဲ့တယ်။ အမေရိကန်က ပစိဖိတ် ကျွန်းနိုင်ငံများကို တကယ် အရေးစိုက်ရင် သမိုင်းစဉ်မှာ တင်ထားတဲ့ အကြွေးကို အရင် ပြန်ဆပ်ပြီး မယ်ရှယ်ကျွန်းစု နိုင်ငံအား တောင်းပန် လျော်ကြေးပေးသင့်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။