တရုတ်နှစ်သစ်ကူး နီးလာ၊ နိုင်ငံတဝှမ်းက ဈေးတွေ နှစ်သစ်ကူးအရသာနှင့် ပြည့်စုံ

(GMT+08:00)2023-01-13 16:56:23  

ဇန်န၀ါရီလ ၁၂ ရက်နေ့သည် တရုတ်သက္ကရာဇ် ၁၂လပိုင်း၂၁ရက်နေ့ဖြစ်ပါသည်။ တရုတ်နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ ဒေသအရပ်ရပ်ရှိ ဈေးများသည် တရုတ်နှစ်သစ်ကူးအရသာနှင့် အပြည့်စုံဆုံးသော နေရာဖြစ်လာပါသည်။ မုန့်ဆိုင်များ၊ သစ်သီးဆိုင်များ၊ဈေးဝယ်သူများဖြင့် စည်ကားနေတာကို တွေ့ရသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။