ဗြိတိန် သပိတ်မှောက်ခြင်းများ ဆက်လက်ဖြစ်ပွား

(GMT+08:00)2023-01-13 01:42:58  

   စွမ်းအင်ဈေးနှုန်း မြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှု စသည့်အကြောင်းရင်းများကြောင့် မကြာမီက ဗြိတိန်လုပ်ငန်းများစွာသည် သပိတ်မှောက်ခြင်းများကို ဆက်လက် ကျင်းပနေကြပါသည်။ ဘက်အသီးသီး တို့သည် သပိတ်မှောက်ခြင်း အဆုံးသတ်ရန် စေ့စပ်ဆွေးနွေးမှု ခြေလှမ်းနှေးကွေးသဖြင့် အချိန်တိုအတွင်းတွင် သပိတ်မှောက်ခြင်းများ အဆုံးသတ်ရန် အရိပ်အယောင် မရှိပါ။

      ဗြိတိန်လူနာတင်ယာဉ် အမှုထမ်းများသည် ဇန်နဝါရီလ ၁၁ရက်နေ့က ထပ်မံ သပိတ်မှောက်ခဲ့ရာ ပြည်သူလူထုများသည် ပြင်းထန်သော အသက်အန္တရာယ်နှင့် ရင်ဆိုင်သည့် အခြေအနေမျိုးတွင်သာ အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုကို ရရှိနိုင်ခဲ့သည်။