ဘေကျင်းမြို့ရှိ Universal Resort တွင် ယုန်နှစ် လှုပ်ရှားမှုများ ကျင်းပ

(GMT+08:00)2023-01-13 16:51:51  

ဇန်နဝါရီလ ၁၂ ရက်နေ့က ဘေကျင်းမြို့ရှိ Universal Resort တွင် တရုတ်နွေဦးပွဲတော် ဆိုင်ရာ လှုပ်ရှားမှုများကို ကျင်းပပြီး ယုန်နှစ် နှစ်သစ်ကူးပွဲတော်ပျော်ရွှင်မှုများကို နေရာတိုင်းတွင် ခံစားနိုင်ပါသည်။ ခရီးသည်များသည် ယုန်နှစ် အလှဆင်ပစ္စည်းများကို ဝတ်ဆင်ပြီး ပန်းခြံတွင် လည်ပတ်ခဲ့ကြပါသည်။ ဆိုင်များတွင် ဦးထုပ်များ၊ ပဝါများ၊ ကျောပိုးအိတ်များ၊ လက်အိတ်များ စသည့် ယုန်နှစ်၏ သင်္ကေတပါ ကုန်ပစ္စည်းများသည် အလွန်ရေပန်းစားကြပါသည်။