ရုရှားမှရေနံစိမ်းတင်သွင်းခြင်းကို ပိတ်ပင်သောကြောင့် ဂျာမဏီနိုင်ငံတွင် ရေနံချက်စက်ရုံ လည်ပတ်မှုခက်ခဲ

(GMT+08:00)2023-01-11 19:54:04  

ဂျာမဏီနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ရုရှားမှရနံစိမ်းများကို ဘက်စုံပိတ်ပင်ခဲ့သောကြောင့် ဂျာမဏီနိုင်ငံ၏ ရေနံချက်စက်ရုံအများအပြားသည် ကုန်ကြမ်းပြတ်လပ်မှုကို ရင်ဆိုင်နိုင်ရန် ထုပ်လုပ်မှုများ လျှော့ရမည်ဖြစ်ကြောင်း။ ဂျာမဏီအစိုးရသည် အခြားနည်းလမ်းဖြင့် ရေနံစိမ်းများကိုရရှိရန်ကြိုးစားသော်လည်း အချို့ရေနံချက်စက်ရုံသည် အနာဂတ်တွင် အခြေအနေဆက်လက်ခက်ခဲမည်ဟု ဆိုကြကြောင်း China Media Groupမှသတင်းအရသိရပါသည်။