ချင်းကန်းသည် အီသီယိုးပီးယား၊ ဂါဘွန်၊ အန်ဂိုလာ၊ ဘီနင်၊ အီဂျစ်နှင့် အာဖရိကသမဂ္ဂဌာနချုပ်၊ အာရပ်နိုင်ငံများအဖွဲ့ချုပ် ဌာနချုပ်သို့ တရားဝင် ခရီးလှည့်လည်မည်

(GMT+08:00)2023-01-11 17:04:02  

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်-အာဖရိက ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်လည်းကောင်း၊ တရုတ်-အာဖရိက ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်လည်းကောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းကန်းသည် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့မှ ၁၆ရက်နေ့အထိ ဖိတ်ကြားချက်အရ အီသီယိုးပီးယား၊ ဂါဘွန်၊ အန်ဂိုလာ၊ ဘီနင်၊ အီဂျစ်နှင့် အာဖရိကသမဂ္ဂဌာနချုပ်၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်ဌာနချုပ်သို့ တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနှင့် နှစ်ဆန်းပိုင်းတွင် အာဖရိကတိုက်သို့ ပထမဦးစွာ တရားဝင်ခရီးလှည့်လည်ခြင်းကို (၃၃)နှစ်ကြာ ဆက်တိုက်ပြုလုပ်သည်ဖြစ်ကြောင်း ၉ရက်နေ့က ကြေညာထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။