Kao Kim Hourn သည် အာဆီယံ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်

(GMT+08:00)2023-01-11 18:30:04  

  Kao Kim Hourn သည် အာဆီယံ အတွင်းရေးမှူးချုပ် တာဝန်ကို ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တရားဝင် ထမ်းဆောင်ခဲ့ကြောင်း၊ ၄င်း၏ တာဝန် သက်တမ်းမှာ ၂၀၂၃ခုနှစ်မှနေ ၂၀၂၇ ခုနှစ်အထိ ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးရုံးမှ ဇန်နဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည်။

        ၂၀၂၂ခုနှစ် သြဂုတ်လက ကမ္ဘောဒီးယား ဝန်းကြီးချုပ်လက်ထောက် Kao Kim Hournကို အာဆီယံ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ခန့်အပ်ခဲ့သည်။ ၄င်းသည် ၁၉၉၉ ပြီးနောက် အာဆီယံ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်သည့် ပထမဦးဆုံးသော ကမ္ဘောဒီးယား အစိုးရအရာရှိဖြစ်ကြောင်း သတင်းအရ သိရပါသည်။