ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် ဂျပန်နိုင်ငံသားများအတွက် တရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်း

(GMT+08:00)2023-01-11 18:33:07  

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ တရားဝင်ဝဘ်ဆိုဒ်တွင် ထုတ်ပြန်သည့် သတင်းအရ ဇန်နဝါရီလ ၁၀ရက်နေ့မှစပြီး ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် ဂျပန်နိုင်ငံသားများအတွက် တရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း၊ ပြန်လည် ထုတ်ပေးမည့် အချိန်ကို အကြောင်းကြားရန် စောင့်ဆိုင်းပါကြောင်း သိရပါသည်။