တရုတ်-လာအို မီးရထားလမ်း၏ ကုန်စည်ပို့ဆောင်မှု ပမာဏမှာ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၄ ဆ တိုးမြင့်လာပြီး ပို့ဆောင်ခဲ့သော ကုန်စည်တန်ချိန် စုစုပေါင်း ၁၃ သန်းကျော်ရှိ

(GMT+08:00)2023-01-11 19:54:58  

 

ယခုလ ၁၀ ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့ဝမ်ကျားယင် အနောက်ပိုင်းရှိ ကွန်တိန်နာဘူတာရုံတွင် အထည်အလိပ်များ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အီလက်ထရွန်နစ် ဆက်စပ်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်ထားသည့် တရုတ်-လာအို မီးရထား"လန်ချန်း-မဲခေါင်မြန်နှုန်းမြင့် ရထားလိုင်း" နိုင်ငံတကာ ကုန်စည် ရထားတစ်စီးသည် ဘူတာရုံမှ ထွက်ခွာသွားခဲ့ပြီး  လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ၂၆ နာရီအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

 ယခုနှစ်မှစတင်၍ တရုတ်-လာအို မီးရထားဖြင့် ကုန်စည်ပို့ဆောင်မှု ပမာဏသည် တည်ငြိမ်စွာ တိုးမြင့်လာခဲ့ပြီး နေ့စဉ် ပျမ်းမျှ ကုန်စည် တန်ချိန် ၂ သောင်းခွဲကို တင်ပို့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်ကထက် ၄ ဆတိုးလာကာ နေ့စဉ်ပျမ်းမျှပို့ဆောင်သော နယ်စပ်ဖြတ်ကျော်ကုန်စည်တန်ချိန် ၈၀၀၀ ကျော်ရှိကြောင်းသိရပါသည်။