အီသီယိုးပီးယားဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံ

(GMT+08:00)2023-01-11 18:32:35  

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အီသီယိုးပီးယားဝန်ကြီးချုပ် အာဘီသည် Addis Ababa မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် တွေ့ဆုံခဲ့ပါသည်။

အာဘီက မိမိသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှုနှင့် နိုင်ငံရေး ဉာဏ်ပညာကို အထူးပင် လေးစားမိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးရာစီမံခန့်ခွဲမှုအပေါ် အတွေ့အကြုံ ဖလှယ်မှုများ ပိုမိုအားကောင်းလာစေရန်၊ အီသီယိုးပီးယား ပြည်သူများအားလုံး စည်းလုံးညီညွတ်ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်ရေး အရှိန်အဟုန်မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ချင်ကန်းက တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံအား မိမိနိုင်ငံနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရန် ထောက်ခံပါကြောင်း၊ နှစ်ဘက်အကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာချဲ့ထွင်ရန်၊ ပိုမိုများပြားသော တရုတ်ကုမ္ပဏီများအား အီသီယိုးပီးယားသို့ လာရောက် ရင်းနှီးမြှုပ်နှံပြီး အီသီယိုးပီးယားနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ထွန်းအားပေးလိုကြောင်း၊ အီသီယိုးပီးယားသည် ကောင်းမွန်သောစီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကို ပံ့ပိုးပေးကာ တရုတ်နိုင်ငံမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေး၊ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်နိုင်အောင် ထိရောက်သောအစီအမံများကို လုပ်ဆောင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။