ဟန်ဆောင်တာကို ရပ်လိုက်ပါ၊ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကြီးမားဆုံး အတားအဆီးဖြစ်သည်

(GMT+08:00)2023-01-11 17:05:43  

"မာဒါဂတ်စကာရှိ ဟိုတယ်များသည် တရုတ်ခရီးသွားများအတွက် အဆင်သင့်ဖြစ်နေပြီ" "တရုတ်ခရီးသွားများသည် 'သက်တံ့နိုင်ငံ' ၏ ထူးခြားသောကျက်သရေကို ခံစားဖို့ တောင်အာဖရိကသို့ လာရောက်လည်ပတ်ရန် မျှော်လင့်ပါသည်။" တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှု အဆင့်သစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအများအပြားက ကြိုဆိုကြောင်း ဖေါ်ပြကြသည်။

သို့သော်လည်း နိုင်ငံတကာ ပြည်သူအတော်များများ၏ သဘောထားအမြင်ကို ဆန့်ကျင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အတားအဆီး ချမှတ်ရန် တောင်းဆိုနေသူလည်း ရှိပါသည်။

မကြာသေးမီက အမေရိကန်ဘက်သည် တစ်ဖက်က တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ ဝင်ခွင့် ကန့်သတ်ချက် ချမှတ်ရင်း တစ်ဖက်က တရုတ်နိုင်ငံအား ကာကွယ်ဆေးကဲ့သို့သော အကူအညီများ ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ဒီလို သူတော်ကောင်း ယောင်ဆောင်ပြီး မျက်နှာနှစ်မျိုးရှိတာကို လူတွေက အကြိမ်ပေါင်းများစွာ  မြင်ဖူးကြပြီ။ ကာကွယ်ဆေးများကို ဥပမာပြောမည်ဆိုလျှင် အမေရိကန်သည် "ကိုဗစ်-၁၉ကာကွယ်ဆေးအတွက် ကမ္ဘာ့အကြီးဆုံးအလှူရှင်" အဖြစ် အမြဲကြော်ငြာနေပါသည်။ အမေရိကန်သည် ၂၀၂၃ ခုနှစ်မတိုင်မီ ကမ္ဘာသို့ ကိုဗစ်-၁၉ကာကွယ်ဆေး အနည်းဆုံး ၁.၁ ဘီလီယံကို လှူဒါန်းမည်ဟု ကတိပြုထားသည်။ ယခုလ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ရေ ၆၆၅.၁ သန်းသာ အကောင်အထည်ဖော်ခဲ့ပြီး ထက်ဝက်ကျော်သာ ရှိသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ အချက်အလက်များအရ ၂၀၂၁ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း အမေရိကန် တွင် ကာကွယ်ဆေး အနည်းဆုံး ၁၅.၁ သန်းကို ဖြုန်းတီးခဲ့ပါသည်။ အမေရိကန်သည် ၎င်းတို့ကို အမှန်တကယ်လိုအပ်နေသော နိုင်ငံများသို့ ပေးမည့်အစား ကာကွယ်ဆေးများကို သက်တမ်းကုန်အောင် သိုလှောင်ထားည်။

လွန်ခဲ့သည့်၃နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအားလုံးနီးပါးသည် အမေရိကန် ပျံ့နှံ့ခဲ့သည်။ သို့သော်လည်း အမေရိကန်အစိုးရသည် ကပ်ရောဂါကို တက်ကြွ ထိရောက်စွာ ကာကွယ်ထိန်းချုပ်မှုမရှိသောကြောင့် ဗိုင်းရပ်စ်ကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့ စေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ကြီးမားစွာ ခြိမ်းခြောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ အမေရိကန်သည် နိုင်ငံတကာကျင့်ဝတ်များကို လျစ်လျူရှုကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ကြီးမားသော အတိုင်းအတာဖြင့် နေရပ်ပြန်ပို့ခဲ့ရာ လက်တင်အမေရိကကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကပ်ရောဂါအခြေအနေကို ပိုမိုပြင်းထန်လာစေခဲ့သည်။ ယင်းတို့သည် ကိုဗစ်-၁၉ဗိုင်းရပ်စ် အလွန်ပြင်းပြီး သေဆုံးမှုနှုန်းမြင့်မားသည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်။ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါပျံ့နှံ့မှုအတွက် တာဝန်ယူရမည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။