ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၁.၇ရာခိုင်နှုန်းသို့ လျှော့ချ

(GMT+08:00)2023-01-11 19:50:41  

    ကမ္ဘာ့ဘဏ်က ၂၀၂၃ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို သိသိသာသာ လျှော့ချခဲ့သည်ဟု Wall Street ဂျာနယ်က ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သောသတင်းအရ သိရပါသည်။ ၂၀၂၃ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၁.၇ရာခိုင်နှုန်းသို့ လျှော့ချသွားမည် ဖြစ်ပြီး ၂၀၂၂ခုနှစ် ဇွန်လတုန်းက ခန့်မှန်းထားသည့် ၃ ရာခိုင်နှုန်းထက် ပိုနိမ့်ကြောင်း၊ ယင်းသည် ၂၀၀၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ် စီးပွားရေးဆုတ်ယုတ်မှု ၂ ကြိမ်ဖြစ်ပွားပြီးသည့်နောက်ပိုင်း နှစ် ၃၀ခန့် အတွင်းတွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တတိယ အနှေးကွေးဆုံးဖြစ်သည့်နှစ်တစ်နှစ် ဖြစ်နိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းရပါသည်။