တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၅ခုနှစ်မှစ၍ အလွန်(စူပါ)အိုမင်းသော လူ့အဖွဲ့အစည်းသို့ ဝင်ရောက်နိုင်ခြေရှိကြောင်း တောင်ကိုရီးယား စာရင်းအင်းဌာနက ခန့်မှန်း

(GMT+08:00)2023-01-10 12:56:08  

"Korea Times" သတင်းစာမှ ၂၀၂၃ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ ၂၀၂၂ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများသည် စုစုပေါင်းလူဦးရေ၏ ၁၇.၅ ရာခိုင်နှုန်း ရှိပြီး ၂၀၂၅ခုနှစ်ရောက်လျှင် ယင်း ရာခိုင်နှိုင်း အချိုးအစား သည် ၂၀ ရာခိုင်နှုန်း ကျော်အထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဆိုလိုသည်မှာ တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၅ခုနှစ်မှစ၍ အလွန်(စူပါ)အိုမင်းသော လူ့အဖွဲ့အစည်းသို့ တရားဝင် ဝင်ရောက်လာမည်ဖြစ်ပါသည်။