အကျိုးစီးပွားအုပ်စုများနှင့် အင်အားကြီးအုပ်စုများ၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်လာသည့် ကေဒါခေါင်းဆောင်များအား ပြတ်ပြတ်သားသား တားဆီးရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-01-10 12:49:47  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀ မြောက် စည်းမျဉ်းစည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၉ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့သည်။

ရှီကျင့်ဖိန်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် အခြေအနေ ဆိုးရွားပြီး ရှုပ်ထွေးနေဆဲဖြစ်ကြောင်း၊ ကေဒါခေါင်းဆောင်များသည် အကျိုးစီးပွားအုပ်စုများနှင့် အင်အားကြီးအုပ်စုများ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာခြင်းကို ပြတ်ပြတ်သားသား တားဆီးပြီး နိုင်ငံရေးနှင့် စီးပွားရေး လျှို့ဝှက်ဆောင်ရွက်ခြင်းကို ပြတ်ပြတ်သားသား တားဆီး ရမည်ဖြစ်ကြောင်း၊ ပိုမိုသိသာသော လုပ်ငန်းနှင့် ဒေသဆိုင်ရာ အကျင့်ပျက်ခြစားမှုပြဿနာများအပေါ် သီးသန့်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ဒါမှသာ လာဘ်ပေးလာဘ်ယူမှု ဒဏ်ခတ်ခြင်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း  အလေးပေးပြောကြားခဲ့သည်။