ရှီကျင့်ဖိန်နှင့် ချက်သမ္မတ ဇယ်မန်တို့ ဗီဒီယိုပုံစံဖြင့် ဆက်သွယ်

(GMT+08:00)2023-01-10 17:10:35  

ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ချက်သမ္မတ ဇယ်မန် နှင့် ဗီဒီယိုပုံစံဖြင့် ဆက်သွယ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကျွန်တော်တို့သည် ကြိမ်ဖန်များစွာ ကူးလူး ဖလှယ်ပြီး တရုတ်-ချက် ဆက်ဆံမှုကို မဟာဗျူဟာမိတ်ဖက် ဆက်ဆံမှုအဖြစ် မြှင့်တင်ခဲ့ကြောင်း၊ တရုတ်ပြည်က နှစ်နိုင်ငံဆက်ဆံမှုကို အလေးထားပြီး ချက်နိုင်ငံအား အရေးကြီးသော မဟာဗျူဟာ မိတ်ဖက်အဖြစ် တန်ဖိုးထား ကြောင်း၊ ချက်နိုင်ငံနှင့်အတူ နှစ်ဖက်ဆက်ဆံမှု ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုပြီး နှစ်နိုင်ငံပြည်သူများ၏ ချမ်းသာမှုအတွက် အကျိုးပြုရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်အနေနှင့် လက်တွေ့ကျသော ဆောင်ရွက်ချက်များကို ဆက်လက် ကျင့်သုံးမည်ဖြစ်ပြီး တရုတ်နှင့် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဇယ်မန်က တရုတ်ပြည်နှင့်အတူ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး ကိုဗစ်-၁၉ ရောဂါ၏ ဂယက်ရိုက်ခတ်မှုကို ကျော်လွှားကာ နှစ်ဖက်အကြား လူသွားလာမှုကို ပုံမှန်ပြန်ဖြစ်စေရန် လက်တွဲ ကြိုးပမ်းလိုကြောင်း၊ ဥရောပ-တရုတ် ဆက်ဆံမှုကို ကောင်းမွန် အဆင်ပြေစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။