ကန်အပါအဝင် အနောက်နိုင်ငံများမှ စစ်ရေးစက်မှုလုပ်ငန်း ကုမ္ပဏီများသည် ရုရှား-ယူကရိန်း ပဋိပက္ခကို အသုံးပြုပြီး အမြတ်များစွာ ရရှိသည်ဟု ရုရှား အကဲခတ်ဆို

(GMT+08:00)2023-01-10 17:14:49  

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ သည် ယူကရိန်းအား လက်နက်ပစ္စည်းများကို အဆက်မပြတ် ထောက်ပံ့ပေးအပ်၍ ၄င်းနိုင်ငံများ၏ စစ်ရေး စက်မှု လုပ်ငန်းကုမ္ပဏီများသည် အကျိုးအမြတ်များစွာ ရရှိခဲ့ပါသည်။

ရုရှား အမျိုးသား အဆင့်မြင့် စီးပွားရေး ပညာ ကောလိပ် ဥရောပနှင့် နိုင်ငံတကာ ရေးရာ အထွေထွေ လေ့လာရေး စင်တာ ဥက္ကဋ္ဌ Vasily Kashinက အမေရိကန် စသည့် အနောက်နိုင်ငံများသည် ယခုနှစ်တွင် ယူကရိန်းအား စစ်ရေးထောက်ပံ့မှုများကို ဆက်တိုက် တိုးမြှင့်ပြီး ပဋိပက္ခကို ကြာရှည်စေမည် ဖြစ်ကြောင်း၊ အနောက်နိုင်ငံများမှ စစ်ရေး စက်မှု လုပ်ငန်း ကုမ္ပဏီများသည် ရုရှား-ယူကရိန်း ပဋိပက္ခကို အသုံးပြုပြီး တန်ဖိုးကြီးမားသည့် အမှာစာများ ဆက်တိုက် ရရှိနိုင်ကာ အကျိုးအမြတ် များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလ ၂၂ရက်နေ့က ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zakharovaက ယူကရိန်းအား စစ်ရေး ထောက်ပံ့မှုပေးရန် အတွက် အမေရိကန်သည် ကန်ဒေါ်လာ ၄၅ဘီလီယံကို ကုန်ကျခဲ့ပြီ ဖြစ်သလို ဥရောပ သမဂ္ဂသည်လည်း ကန်ဒေါ်လာ ၂၈ဘီလီယံ ကုန်ကျခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။