ယခုရာစုနှစ်အကုန်တွင် ကမ္ဘာ့ရေခဲမြစ်၏ (၈၃)ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွားမည်ဟု သုတေသနပြုမှုတွင် ဖော်ပြ

(GMT+08:00)2023-01-10 17:09:45  

ယခုနှစ်များတွင် ရာသီဥတုပြောင်းလဲမှု၏ ဂယက်ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ရေခဲမြစ် အများအပြားသည် အံ့သြဖွယ်ကောင်းသောနှုန်းဖြင့် အရည်ပျော်နေပါသည်။ ယခုတလော သုတေသနပြုမှုတစ်ရပ်တွင် ကမ္ဘာ့ရေခဲမြစ် (၅၀)ရာခိုင်နှုန်းခန့်မှနေ (၈၀)ရာခိုင်နှုန်းကျော်အထိ ယခုရာစုနှစ်အကုန်တွင် အပြည့်အဝ ရေဖြစ်ပြီး ပျောက်ဆုံးမည်ဟု ခန့်မှန်းရပါသည်။ သိပ္ပံသုတေသီများက ရေခဲမြစ် ကျုံ့သွားမှုနှုန်း နှင့် ပျောက်ကွယ်မှုနှုန်းသည် ယခင်က သိပ္ပံပညာရှင်များ ခန့်မှန်းခဲ့သည်ထက် ပိုမိုလျင်မြန်သည်ဟု ပြောကြားပါသည်။