အမေရိကန်က ပုဂ္ဂိုလ်အချို့သည် "စက်မှုကွင်းဆက်ပြတ်တောက်ခြင်း"ကို ကြွေးကြော်လေလေ တရုတ်နိုင်ငံသို့ သွားရောက်သောနိုင်ငံခြားအရင်းအနှီး ပိုမို များပြားလာ လေလေဖြစ်သည်

(GMT+08:00)2023-01-10 12:51:11  

"ကမ္ဘာ့ရင်းနှီးမြုပ်နှံသူများသည် စီးပွားရေးလုပ်ဖို့ တရုတ်နိုင်ငံသို့ ပြန်ရန် စိတ်အားထက်သန်နေကြပါသည်။" ဗြိတိန် Financial Times သည် မကြာသေးမီက  ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းမှ ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်ကို ကိုးကားဖော်ပြခဲ့သည်။ ၈ ရက်နေ့မှစပြီး တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသော ယုံကြည်မှုကို ဆောင်ကြဉ်းလာခဲ့သည်။ တရုတ်နိုင်ငံရှိ နိုင်ငံခြား ကုန်သည်ကြီးများအသင်းနှင့် အခြားအဖွဲ့အစည်း အများအပြားက တရုတ်နှင့် နိုင်ငံခြား ဝန်ထမ်းများ လဲလှယ်မှုနှင့် စီးပွားရေး ခရီးသွားလာမှု လျင်မြန်စွာ ဦးမော့လာမည်ဟု ယုံကြည်ကြသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးကုမ္ပဏီအများအပြားက သက်ဆိုင်ရာစီမံကိန်းများ ပြန်လည်စတင်ရန် နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ရှာဖွေရန် အဆင့်မြင့်ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုအစီအစဉ်ကို စတင်ရေးဆွဲနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ စီးပွားရေးသမားများသည် တရုတ်နိုင်ငံ၏ လျင်မြန်စွာ ကြီးထွားနေသော ဈေးကွက်သို့ နောက်တစ်ကြိမ် လာရောက်လည်ပတ်ကြမည်ဟု The Wall Street Journal ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း၊ အမေရိကန်ရှိ အချို့သောလူများသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် အမှားများကို အမြဲရှာဖွေနိုင်ခဲ့သည်။ ကပ်ရောဂါ ပြင်းထန်လာသောအခါတွင် တရုတ်နိုင်ငံသည် တင်းကျပ်သော ကူးစက်ရောဂါ တိုက်ဖျက်ရေး မူဝါဒကို ချမှတ်ခဲ့သည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းသွားပြီး စီးပွားရေးလုပ်ရန် ခက်ခဲကာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံများ လျော့ပါးရန် ၄င်းတို့က တရုတ်နိုင်ငံကို တောင်းဆိုသည်။ တရုတ်နိုင်ငံက အခြေအနေအရ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပြီးနောက် သူတို့က တရုတ်နိုင်ငံရှိနိုင်ငံခြားကုမ္ပဏီအတွက် အန္တရာယ်ဆောင်ကြဉ်းလာတတ်သည်ဟု ပြောပြန်သည်။ ခြုံပြီးပြောရလျှင်  တရုတ်နိုင်ငံက ဘာပဲလုပ်လုပ်၊ သူတို့ရဲ့ ဦးတည်ချက်က အတူတူပါပဲ၊ အဲဒါကတော့  တရုတ်နိုင်ငံကနေ စက်မှုကွင်းဆက်ကို နည်းမျိုးစုံဖြင့် လွှဲပြောင်း ဖို့ ဖြစ်သည်။ ဤစံနှုန်းနှစ်ထပ်အပြုအမူသည် တရုတ်နိုင်ငံအပေါ် အမေရိကန်ရှိ လူအချို့၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော မလိုမုန်းထားမှုနှင့် ၎င်းကို ချုပ်ကိုင်နှိမ်နှင်းရန် ရည်ရွယ်ချက်ကို ထင်ဟပ်စေသည်။

သို့သော် ၎င်းတို့သည် ၃ နှစ်ကြာ အော်ဟစ်တောင်းဆိုခဲ့သော်လည်း ၎င်းတို့၏ ပန်းတိုင်ကို မအောင်မြင်ခဲ့ပေ။ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရင်းအနှီးကို အမှန်တကယ်အသုံးပြုမှုသည် လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၆.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဤတိုးတက်မှုနှုန်းသည် ၁၄.၉ရာခိုင်နှုန်းသို့ ရောက်ရှိပြီး စံချိန်သစ်တင်ခဲ့သည်။

အမေရိကန်ရှိ နိုင်ငံရေးသမားအချို့သည် ၎င်းတို့၏ ပြည်တွင်းရေးကို ပိုမို ဂရုစိုက်သင့်ပါသည်။ နိုင်ငံရေး ခြယ်လှယ်မှုသည် စီးပွားရေးဥပဒေများကို တွန်းလှန်၍မရပါ၊ အခြားသူများ၏လမ်းကို ပိတ်ဆို့ရန် ကြိုးစားခြင်းသည် နောက်ဆုံးတွင် သင့်ကိုယ်ပိုင်လမ်းကို ပိတ်ဆို့သွားမည်ဖြစ်သည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။