အာကာသရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် အာကာသယာဉ်မှူးများကို လျင်မြန်စွာ ရှာတွေ့

(GMT+08:00)2023-01-10 12:58:56  

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့ ည၈နာရီ ၉  မိနစ်တွင် လူလိုက်ပါသော အာကာသယာဉ် Shenzhou ၁၄သည် မြေကမ္ဘာသို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့သည်။ Shenzhou ၁၄၏ ပြန်လည်ရှာဖွေကယ်ဆယ်ရေးတာဝန်သည် ပထမဆုံးအကြိမ် ညအချိန် အပူချိန်နိမ့်သောပတ်ဝန်းကျင်တွင် အာကာသယာဉ်မှူးများကို  ရှာဖွေခြင်းဖြစ်၍ ခက်ခဲပြီး အန္တရာယ်များကြောင်း၊  ကျူချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ၈ မိနစ် အချိန်ယူကာ ကယ်ဆယ်ရေးအကွာအဝေး ကီလိုမီတာ ၂၀ အတွင်းတွင် အာကာသယာဉ်မှူးတို့ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ကြောင်းChina Media Groupမှ သတင်းအရသိရပါသည်။