တောင်ကိုရီးယား အကြီးဆုံး အာဏာလက်မဲ့ပါတီ ခေါင်းဆောင် Lee Jae-myungသည် အဂတိ လိုက်စားမှုနှင့် ပတ်သက်သည်ဟု သံသယရှိသောကြောင့် ရှေ့နေရုံးမှ စုံစမ်းစစ်ဆေးမှု လက်ခံ

(GMT+08:00)2023-01-10 17:14:09  

ဒေသ စံတော်ချိန် ယခုလ ၁၀ရက်နေ့ နံနက်ပိုင်းက တောင်ကိုရီးယား အကြီးဆုံး အာဏာလက်မဲ့ပါတီ ဖြစ်သည့် Minjoo Party of Korea၏ ခေါင်းဆောင် Lee Jae-myungသည် Seongnam FC၏ ငွေကြေး ထောက်ပံ့လှူဒါန်းမှုနှင့် ပတ်သက်၍ Suwonဒေသန္တရ ရှေ့နေရုံးမှ စုံစမ်းစစ်ဆေးမှုကို လက်ခံခဲ့ပါသည်။

    Lee Jae-myungသည် ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ Suwonမြို့တော်ဝန်နှင့် Seongnam FC ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရာတွင် လုပ်ငန်းကုမ္ပဏီ များစွာမှ ထောက်ပံ့လှူဒါန်းငွေ တောင်ကိုရီးယား ဝမ်းငွေ စုစုပေါင်း ၁၇ဘီလီယံကို လက်ခံရရှိပြီး ယင်းကုမ္ပဏီများအား အဆောက်အအုံ တည်ဆောက်ရန် (သို့) မြေယာ အသုံးပြုမှု နည်းလမ်း ပြောင်းလဲရန် ခွင့်ပြုချက်စသည်များကို ပေးခဲ့သည်ဟု သံသယရှိကြောင်း သိရသည်။