ဘရာဇီးသမ္မတ Lulaက လွှတ်တော် တိုက်ခိုက်မှုကို ရှုတ်ချပြီး မြို့တော် လုံခြုံရေး တိုးမြှင့်ရန် အမိန့် ထုတ်ပြန်

(GMT+08:00)2023-01-09 21:44:30  

 ဒေသစံတော်ချိန် ဇန်နဝါရီလ ၈ ရက်နေ့ညက ဘရာဇီးသမ္မတ Luiz Inácio Lula da Silvaသည် Brasilia မြို့တော်ရှိ လွှတ်တော်နှင့် အခြား အစိုးရဌာနများအား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ ယင်းအခင်းကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကို အမြန်ဆုံး ရှာဖွေကာ အရေးယူမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် Lulaသည် Brasilia မြို့တော် လုံခြုံရေး ထိန်းသိမ်းကာကွယ်မှု တိုမြှင့်ရန်အတွက် လုံခြုံရေးဆိုင်ရာ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်သည် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

        ၈ ရက်နေ့ မွန်းလွဲပိုင်းက ဘရာဇီးသမ္မတဟောင်း Jair Messias Bolsonaroရဲ့ ထောက်ခံသူများ အချို့သည် ဘရာဇီးလွှတ်တော်၊ တရားရုံးချုပ်နှင့် သမ္မတရုံးသို့ ဝင်ရောက်တိုက်ခိုက်ပြီး Brasilia ရဲတပ်ဖွဲ့များနှင့်  အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။