ကွမ်ရှီး နန်နင်း ဝူရွှီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ T3 Terminalနှင့် ဆက်စပ်ပေးသည့် အဆောက်အုံများ တည်ဆောက်ရေး လုပ်ငန်း ဘက်စုံ စတင်

(GMT+08:00)2023-01-09 21:56:18  

ယခုလ ၈ရက်နေ့က တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ နန်နင်းမြို့ ဝူရွှီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ T3 Terminalနှင့် ဆက်စပ်ပေးသည့် အဆောက်အုံများ တည်ဆောက်ရေး လုပ်ငန်းသည် ဘက်စုံ စတင်ခဲ့ပါသည်။ ၄င်း လုပ်ငန်း အစီအစဉ်၏ စုစုပေါင်း ရင်းနှီးငွေ ပမာဏမှာ တရုတ် ယွမ် ၁၉.၈ဘီလီယံရှိပြီး အသစ် တည်ဆောက်မည့် Terminalနှင့် ဆက်စပ်ပေးသည့် အဆောက်အုံများ၏ ဧရိယာ အကျယ်အဝန်းမှာ စတုရန်း မီတာပေါင်း ၄သိန်း၃သောင်း၂ထောင် ရှိပါသည်။ နှစ်စဉ် သယ်ယူပို့ဆောင်မည့် စုစုပေါင်း ခရီးသည် ဦးရေမှာ ၃၄သန်းရှိပြီး ၂၀၂၇ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဟု ခန့်မှန်းရပါသည်။ ထိုအချိန် ရောက်လျှင် နန်နင်းမြို့ရှိ လေဆိပ်များ၏ နှစ်စဉ် သယ်ယူပို့ဆောင်မည့် စုစုပေါင်း ခရီးသည် ဦးရေမှာ သန်း ၅၀ရှိမည် ဖြစ်ပါသည်။