တရုတ်နိုင်ငံသည် Shijian-23 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်

(GMT+08:00)2023-01-09 21:36:36  

ပီကင်းစံတော်ချိန် ဇန်န၀ါရီလ ၉ ရက်နေ့ မနက် ၆ နာရီတွင် တရုတ်နိုင်ငံသည် ဝင်ချမ်းအာကာသစခန်း၌ Long March 7A သယ်ဆောင်ဒုံးပျံကို အသုံးပြုခဲ့ပြီး Shijian 23 ဂြိုဟ်တုအား အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ဂြိုလ်တုသည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး လွှတ်တင်ရေးတာဝန်မှာ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ Shijian 23 ဂြိုဟ်တုအား သိပ္ပံနည်းပညာစမ်းသပ်မှုများ၊ နည်းပညာဆိုင်ရာ အတည်ပြုမှုစသည့်နယ်ပယ်များတွင် အဓိကအားဖြင့် အသုံးပြုပါသည်။ ယခုအကြိမ်တာဝန်သည် Long March စီးရီး၏ ၄၅၉ ကြိမ်မြောက် ပျံသန်းမှုဖြစ်သည်။