ကယ်လီဖိုးနီးယားတွင် ဆောင်းရာသီမုန်တိုင်းများ ဆက်လက်တိုက်ခတ်ပြီး မိသားစုနှင့် လုပ်ငန်းကုမ္ပဏီပေါင်း ၅သိန်း ၆သောင်း ကျော်သည် လျှပ်စစ်မီးပြတ်တောက်မှုခံရ

(GMT+08:00)2023-01-09 21:51:47  

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင်  ဆောင်းရာသီမုန်တိုင်းများ တိုက်ခတ်ခဲ့သောကြောင့် ဇန်နဝါရီလ ၈ရက်နေ့အထိ မိသားစုနှင့် လုပ်ငန်းကုမ္ပဏီပေါင်း ၅သိန်း ၆သောင်း ကျော်သည် လျှပ်စစ်မီး ပြတ် တောက်မှုခံရပါသည်။ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက  ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆောင်းရာသီမုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူ ၆ ဦး ထက်မနည်း သေဆုံး ခဲ့ပါသည်။

ပြင်းထန်သည့် မုန်တိုင်းက ၉ရက်နေ့တွင် ထပ်မံတိုက်ခတ်မည်ဖြစ်ပြီး ရေကြီးမှု အပါအဝင် ဘေးအန္တရာယ် များကို ဖြစ်နိုင်ခြေ တိုးလာနိုင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ မိုးလေဝသဌာနက သတိပေးထားပါသည်။