ရှီကျင့်ဖိန်သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်

(GMT+08:00)2023-01-09 17:31:13  

မကြာခင်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက်ကို ဖော်ပြရာတွင် နိုင်ငံရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများသည် နိုင်ငံတော် လုပ်ငန်းများ၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ ပါတီကော်မတီ အဆင့်ဆင့်တို့သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများ အပေါ် ဦးဆောင်မှုကို တိုးမြှင့်ပြီး နိုင်ငံရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများ ခေတ်မီရေး မြှင့်တင်ရန် အတွက် အားကောင်းသော အာမခံမှုကို ပံ့ပိုးပေးရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

    “တရုတ်ပြည်သူ့ ရဲဝန်ထမ်းပွဲတော်”နေ့ ကျရောက်တော့မည် ဖြစ်ပါသည်။ ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား တစ်ပြည်လုံးရှိ ပြည်သူ့ရဲဝန်ထမ်းများအား ဂုဏ်ပြုကြောင်းနှင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြပါရှိ သည်။