အမေရိကန်သမ္မတ ဘိုင်ဒန်သည် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ရောက်ရှိ၊ ဆန္ဒပြသူ အများအပြား စုဝေး

(GMT+08:00)2023-01-09 21:48:32  

ဒေသစံတော်ချိန်ဇန်နဝါရီလ ၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဘိုင်ဒန်သည် နယ်စပ်ဒေသသို့ ရွှေ့ပြောင်းသူများ၏ အခြေအနေကို သိရှိနားလည်ရန် အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်ရှိ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့သို့ လည်ပတ်ကြည့်ရှုခဲ့ကြောင်း၊  ဘိုင်ဒန်၏ ယခုအကြိမ် ခရီးစဉ်အတွင်း ဆန္ဒပြသူအများအပြားသည် နယ်စပ်ကင်းလှည့်ရေးစင်တာအပြင်ဘက်တွင် ဘိုင်ဒန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။