အိန္ဒိယ နယူးဒေလီမြို့တွင် ယခုနှစ်ဆောင်းရာသီ၏ အအေးဆုံးနေ့ကို ကြုံတွေ့

(GMT+08:00)2023-01-09 21:41:49  

အန္ဒိယနိုင်ငံမြောက်ပိုင်းရှိ နယူးဒေလီမြို့တော်တွင်  ယခုလ ၈ ရက်နေ့က ရာသီဥတုအလွန်အေးတာကြောင့် အနိမ့် ဆုံး အပူချိန်သည် ၁.၉ ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းသွားခဲ့ပြီး ယခုဆောင်းရာသီအတွင်း အနိမ့်ဆုံးအပူချိန်ဖြစ်ကြောင်း၊ နယူးဒေလီမြို့၏လမ်းမပေါ်မှ ရိုက်ကူးထားသော ဗီဒီယိုဖိုင်ထဲမှာ လမ်းဘေးရှိဈေးသည်များ၊ ဆိုက်ကားသမားများနှင့် အိမ်ယာမဲ့သူများက စောင်တွေခြုံပြီး သစ်သားချောင်းတွေကိုအသုံးပြုမီးဖိုကာ အအေးဖြေကြခြင်းကို  မြင်တွေ့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

 အအေးဒဏ်ကိုခံခဲ့ရသော နယူးဒေလီနှင့်အနီးတစ်ဝိုက်တွင်လည်း မီးခိုးမြူများ ဖုံးလွှမ်းနေပြီး  ယာဉ်ကြောပိတ်ဆို့မှုများကို ဖြစ်စေခဲ့ကြောင်း၊ထိုနေ့တွင် ရထား ၂၅၉ စင်းကို  ဖျက်သိမ်းသည်ဟု အန္ဒိယနိုင်ငံ မီးရထားလမ်းဦးစီးဌာနက ကြေညာခဲ့ကြောင်း သိရပါသည်။