ဟိုပေပြည်နယ် ရှင်ထိုင်မြို့တွင် ခမ်းနားထည်ဝါသော ရေခဲနံရံသည် ခရီးသည်များကို ဆွဲဆောင်

(GMT+08:00)2023-01-09 22:06:37  

ဇန်နဝါရီလ ၈ရက်နေ့က ယူမိန်တောင်ရှုခင်းသာရပ်ကွက်တွင် ရေခဲတောင်တက် ဝါသနာရှင်များသည် ရေခဲနံရံပေါ် တက်ခဲ့ကြပါသည်။

ယခုတလော ဟိုပေပြည်နယ် ရှင်ထိုင်မြို့ ယူမိန်တောင်ရှုခင်းသာရပ်ကွက်အတွင်းရှိ (၇)ထပ်ရေတံခွန်သည် ခမ်းနားထည်ဝါသည့်ရေခဲနံရံကို ဖြစ်ပေါ်လာပြီး ခရီးသည် အများအပြားကို ဆွဲဆောင်လာပါသည်။ ရေခဲတောင်တက် ဝါသနာရှင်များသည် သီးသန့် ကိရိယာများကို အသုံးပြုပြီး နည်းပြများ၏လမ်းညွှန်မှုဖြင့် ရေခဲတောင်တက်မှုကို ထိတွေ့ ခံစားကာ ဆောင်းရာသီတွင် ထိုက်ဟောင်တောင်၌ တမူထူးခြားသော ရှုခင်းသာတစ်ခု ဖြစ်လာပါသည်။