Jetstar Japan မှ လေယာဉ်တစ်စီးသည် “ဗုံးခြိမ်းခြောက်မှု” ခံခဲ့ရ

(GMT+08:00)2023-01-09 22:01:17  

ဇန်နဝါရီလ ၇ရက်နေ့က Jetstar Japan မှ လေယာဉ်တစ်စီးသည် “ဗုံးခြိမ်းခြောက်မှု” ခံခဲ့ရခြင်းကြောင့် အရေးပေါ်ဆင်းသက်လာသဖြင့် ၅ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ ကြပါသည်။

ဒေသစံတော်ချိန် ဇန်နဝါရီလ ၇ရက်နေ့ နံနက် ၆ နာရီ ၁၈ မိနစ်တွင် ဂျပန်နိုင်ငံ Narita လေဆိပ် သတင်းအချက်အလက်စင်တာသည် ဂျာမဏီမှ တယ်လီဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ရာ အမျိုးသားတစ်ယောက်က Jetstar Flight ၅၀၁ တွင် ၁၀၀ ကီလိုဂရမ်ရှိ ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဗုံးတစ်လုံးကို တပ်ဆင်ထားပြီး မန်နေဂျာနှင့် စကားပြောချင်ကြောင်း အင်္ဂလိပ်လို ပြောကြားခဲ့သည်ဟု ဂျပန်မီဒီယာများက ရေးသား ဖော်ပြခဲ့ကြပါသည်။

ဂျပန်ရဲဘက်သည် ၄င်း Flight တွင် ဗုံးစသည့်သံသယပစ္စည်းများကို ရှာမတွေ့ပါ။ လေကြောင်းဆိုင်ရာပညာရှင်များက လေယာဉ်မှူးသည် နာရီဝက်ကြာပြီးနောက် Flight တွင် ဗုံးဖြစ်နိုင်ဖွယ်ရာ ကြားသိကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးတို့သည် တုံ့ပြန်မှု နောက်ကျသဖြင့် သတင်းပေးပို့ခြင်းအစီအစဉ်ကို ပိုမိုကောင်းမွန်လာစေရန် စုံစမ်းစစ်ဆေး သင့်ကြောင်း ပြောကြားခဲ့ကြပါသည်။