ရုရှားနှင့်ယူကရိန်းတို့သည် အဖမ်းခံရသူများအား အပြန်အလှန် လဲလှယ်

(GMT+08:00)2023-01-09 21:59:40  

နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးပြီးနောက် ရုရှားစစ်သား ၅၀ ဦးက ယူကရိန်း ထိန်းချုပ်နယ်မြေမှ ရုရှားသို့ ပြန်လည်ရောက်ရှိပြီး မော်စကိုမြို့ရှိ ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကာ လိုအပ်သော ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ခံရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ဒေသစံတော်ချိန် ၈ ရက်နေ့က ဖော်ပြခဲ့ပါသည်။

ထိုနေ့တွင်ပင် ယူကရိန်းဘက်မှ စစ်အရာရှိ ၃၃ ဦးနှင့် စစ်သား ၁၇ ဦးသည် သုံ့ပန်းလဲလှယ်ရေးစနစ်ဖြင့် ယူကရိန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ယူကရိန်း သမ္မတရုံး ဥက္ကဋ္ဌ ယယ်လ်မတ်က ဖော်ပြပါသည်။