သက်တမ်းအနှစ်၆၀ကျော်ရှိသည့် ပီကင်းအလုပ်သမားအားကစားကွင်း ဘောလုံးကွင်း ပြုပြင်မွမ်းမံတည်ဆောက်မှု ပြီးစီး

(GMT+08:00)2023-01-08 16:19:00  

      ၂၀၂၃ခုနှစ် ဇန်န၀ါရီလ ၆ရက်နေ့တွင်  ပီကင်းမြို့ အလုပ်သမားအားကစားကွင်း ဘောလုံးကွင်းအသစ်တည်ဆောက်ပြီးစီးပါပြီ။  ပီကင်းGuoAnဘောလုံးအသင်းသည်လည်း ၄င်း၏အိမ်ကွင်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် သက်တမ်းနှစ်ပေါင်း ၆၀ကျော်ရှိသည့် ပီကင်းအလုပ်သမားအားကစားကွင်းသည် သမိုင်းတစ်လျှောက်တွင်း အရေးကြီးဆုံးသော ပြုပြင်မွမ်းမံမှုကို စတင်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။