သြစတြေးလျနိုင်ငံ အနောက် သြစတြေးလျပြည်နယ်သည် “သမိုင်းတွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု” ကို ကြုံတွေ့

(GMT+08:00)2023-01-08 16:17:09  

ဇန်နဝါရီလ ၇ ရက်နေ့တွင် ဗြိတိန် Reuters နှင့် The Guardian စသည့် မီဒီယာများမှ ထုတ်ပြန်သည့်သတင်းအရ ယခုရက်များတွင် သြစတြေးလျနိုင်ငံ အနောက် သြစတြေးလျပြည်နယ်သည် “သမိုင်းတွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု” ကို ကြုံတွေ့ခဲ့ပါကြောင်း၊ သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီစ်က ယခုလ ၇ရက်နေ့ မိန့်ခွန်းပြောကြားရာတွင် ယခုအကြိမ် ရေလွှမ်းမိုးမှုသည် ဆိုးရွားစွာ သက်ရောက်မှုရှိပါသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

ရာသီဥတု ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့သည် ထိုနေ့ညနေပိုင်းတွင်ပင် လေယာဉ်များကို စေလွှတ်ပြီး သဘာဝဘေးသင့်ဒေသသို့ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို ပို့ဆောင်ပေးခဲ့ပါသည်။