တရုတ်နိုင်ငံက COVID-19 ရောဂါကို ဘီ အဆင့် ကူးစက်တတ်သောရောဂါအဖြစ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဆောင်ရွက်မှုများ စတင်ကျင့်သုံး

(GMT+08:00)2023-01-08 16:14:38  

        ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံက COVID-19 ရောဂါကို ဘီ အဆင့် ကူးစက်တတ်သောရောဂါအဖြစ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဆောင်ရွက်မှုများ စတင် တရားဝင် ကျင့်သုံးပြီး တရုတ်နိုင်ငံ တစ်ပြည်လုံးမှ ကုန်းလမ်းဂိတ်စခန်းများ ခရီးသည် ဖြတ်သန်းသွားလာမှု တဖြည်းဖြည်းနှင့် ပုံမှန် ပြန်ဖြစ်လာမည်ဖြစ်ကြောင်း တရုတ် လူဝင်လူထွက် ကြီးကြပ်ရေး ဌာနမှ သတင်းအရ သိရပါသည်။

        ၈ ရက်နေ့တွင် ရွှေလီ အပါအဝင် ကုန်းလမ်း နယ်စပ်ဂိတ်စခန်း ၈ ခုတွင် ခရီးသည် ဖြတ်သန်းသွားလာမှု ပုံမှန်ပြန်ဖြစ်လာပြီး ဟောင်ကောင်နှင့် မကာအို ဆိပ်ကမ်း အမြန်လမ်းကြောင်းလည်း စနစ်တကျ ပုံမှန်ပြန်ဖြစ် လာနေပြီ ဖြစ်သည်။