ပုသိမ်အကျဉ်းထောင်တွင် ပဋိပက္ခ ဖြစ်ပွားပြီး ၁ ဦး သေဆုံး

(GMT+08:00)2023-01-08 16:16:10  

မြန်မာစံတော်ချိန် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ အကျဉ်းထောင်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ထောင်အစောင့်များနှင့် ဝန်ထမ်းများအား ကျောက်ခဲ၊ တုတ်များဖြင့် ပတ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးစစ်တပ် အမြန်ရောက်ရှိလာကာ ၁၁ နာရီခွဲခန့်တွင် အခြေအနေကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ယင်းပဋိပက္ခကြောင့် အကျဉ်းသား တစ်ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိစေခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် ထောင်အစောင့် ၂ ဦးနှင့် ဝန်ထမ်း ၉ ဦး ပါဝင်ကြောင်း သတင်းအရ သိရပါသည်။