အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ အချက်အလက်များအရ အမေရိကန်သည် လွန်ခဲ့သည့် သုံးနှစ်အတွင်း အတော်လေးပြင်းထန်သော ကူးစက်ရောဂါလှိုင်း ငါးခုကို ကြုံတွေ့ခဲ့ရသည်။ အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက်ကြောင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် မျိုးကွဲအားလုံးနီးပါးသည် အမေရိကန်တွင် ပျံ့နှံ့ခဲ့ပြီး လူသန်းပေါင်း ၁၀၀ ကျော်ကို ရောဂါကူးစက်ခံရကာ သေဆုံးသူ ၁.၀၈ သန်းကျော်နှင့် ကလေးပေါင်း ၂ သိန်း၅ သောင်း သည် ကိုဗစ်ကြောင့် မိဘမဲ့များဖြစ်လာခဲ့သည်။
ပြဿနာ၏အရင်းခံမှာ အမေရိကန်အစိုးရသည် လက်တွေ့ကျသောပြဿနာများကို ဖြေရှင်းရန် မည်သည့်အခါမျှ ခွန်အားမစိုက်ထုတ်ဘဲ ကပ်ရောဂါကို နိုင်ငံရေးနှင့် လက်နက်အဖြစ် ဆက်လက်လုပ်ဆောင်နေကြောင်း လေ့လာ သုံးသပ် သူအချို့က ထောက်ပြကြသည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံသည် ကပ်ရောဂါဆိုးကြီးအတွင်း တင်းကျပ်သော ကာကွယ် ထိန်းချုပ်ရေးမူဝါဒများကို အကောင်အထည်ဖော်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါလှိုင်းကြီးငါးခု၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိကာ ပြင်းထန်သောဖျားနာမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ခဲ့ပြီး ကာကွယ်ဆေးနှင့် ဆေးဝါးများ သုတေသနပြုမှုအပြင် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ပြင်ဆင်မှုအတွက် အဖိုးတန်သော အချိန်ရခဲ့သည်။
အခြားနိုင်ငံများကဲ့သို့ပင်၊ တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ရေးမူဝါဒကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် ကာလတစ်ခုကိုလည်း ဖြတ်သန်းရမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် လူဦးရေ များပြားပြီး သက်ကြီးရွယ်အို များစွာရှိသည်။ရေတိုတွင် ရောဂါကူးစက်ခံရသူ အရေအတွက် တိုးလာပြီး ဆေးဝါးကုသရန် လိုအပ်ချက် တိုးလာမည်မှာ မလွဲမသွေဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် အချိန်ကို တစ်မိနစ်မျှ မဖြုန်းတီးဘဲ ပြဿနာကို တက်ကြွစွာ ဖြေရှင်းခဲ့သည်။
အားကစားရုံများနှင့် ယာယီဆေးရုံများတွင် ယာယီဖျားနာဆေးပေးခန်းများ ဖွင့်လှစ်ခြင်းမှသည် ပြည်သူများ၏ ဆေးဝါးကုသမှုများ လွယ်ကူချောမွေ့စေရေးအတွက် အင်တာနက်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ဖွင့်လှစ်ခြင်းအထိ၊ ဆေးဝါးကုမ္ပဏီများကို တိုးချဲ့ထုတ်လုပ်ခြင်းမှသည် ကိုဗစ်-၁၉ ကူးစက်ခံထားရသော လူနာများအတွက် ကုသစရိတ် အာမခံပေးခြင်းအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ရောက်ရှိနေသည့် ဗြိတိန်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Malcolm Clarke က " ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများအတွက် ကျွန်ုပ်သည် အကျိုးခံစားခဲ့ရသူ တစ်ဦးဖြစ်သည်" ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ တရုတ်ပြည်ထဲကို ဝင်ရောက်သော ပုဂ္ဂိုလ်နှင့် ကုန်ပစ္စည်းများ အတွက် ကူးစက်ရောဂါစီမံခန့်ခွဲမှုအစီအမံများကို ကျင့်သုံးမည်မဟုတ်တော့ပေ။ ယင်းသည် အခြေအနေအရ ကပ်ရော ဂါကာကွယ်ရေးမူဝါဒကို အကောင်းဆုံးဖြစ်အောင် တရုတ်နိုင်ငံ၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး တရုတ်ပြည်သူများအတွက် တာဝန်ရှိရှိဖြစ်ကာ ကမ္ဘာ့စီးပွားရေးကို မြှင့်တင်ရန်အတွက်လည်း အထောက်အကူဖြစ်သည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။